Blogs ဖွင့်ရခြင်း ရည်ရွှယ်ချက်ကတော့ လိုအပ်တဲ့ မိတ်ဆွေများ အတွက် ဝေမျှရင်း နောင်တစ်နေ့ မှာ ကျနော် ကိုယ်တိုင် ပြည်လည် အသုံးပြုနိုင်ဖို့ အတွက် ရည်ရွှယ် တာပါ ။ ဒါကြောင့် နည်းလမ်းများကို အသေးစိပ် ဖေါ်ပြပေးမှာမဟုတ်ပါဘူး ။ သိသူဖေါ်စား မသိသူကျော်သွားပါပဲ ။

ဌက်ပျောဖူးဟင်း

ဌက်ပျောဖူးဟင်း
Banana_Bub6
မွန်ဟင်းလျာ တစ်ခုဖြစ်တဲ့ ဌက်ပျောဖူးဟင်းလျာပါ။ ဈေးမှာလည်း ဌက်ပျောဖူး ၁ဖူးကို ၂၀၀၀န်းကျင်နဲ့ အလွယ်တကူ ၀ယ်လို့ရပါတယ်။ ဌက်ပျောဖူးကို အရသာက နူးညံ့ပြီ တအား စားလို့ ကောင်းပါတယ်။ ဟင်းကောင်းကြိုက်သူတွေ ချက်စားကြည့်ဖို့ ညွှန်လိုက်ပါရစေ…
ပါဝင်ပစ္စည်းများ
  • ဌက်ပျောဖူး – ၁ဖူး
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)

  • ငရုတ်သီး(အေ၇ာင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငပိ (စိမ်းစား) – လက်ဖက်ရည်ဇွန်း တ၀က်
  • မရမ်းပြား – ၃ပြား (ရေစိမ်ထားပြီ လက်ဖြင့် ဖြစ်ပေးပါ)
Banana_Bub1
ချက်နည်း
၁။ အရင်ဆုံး ဌက်ပျောဖူးကို ရင့်တဲ့ အပိုင်းနဲ့ အဖြူရောင်အတံများကို ဖယ်ပေးပါ။ ကျန်တဲ့ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)။ ဌက်ဖျောဖူးများ မမဲသွားစေရန် ဖြစ်သည်။ ချက်ခါနီး ဆနွင်းအရည်များသွန်ပြီ အရည်စစ်ပြီမှ ထည့်ပါ။
Banana_Bub2
Banana_Bub3
၂။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ။ ကြက်သွန်နီ ဆီသပ်ပေးပါ။
၃။ ပြီမှ ငရုတ်သီး အရောင်တင်မှုန့်ထည့်၊ ပုဇွန်ခြောက်မှုန့်၊ ဌက်ပျောဖူးများ ထည့်ပြီ ၁မိနစ်ခန့် လုံးချက်ပေးပါ။
Banana_Bub4
၎။ ပြီနောက် ရေ(ခွက်တ၀က်)၊ ဆား၊ ကြက်သားမှုန့်၊ ငပိ၊ မရမ်းပြားရည်တို့ကို ထည့်ပြီ ဆီပြန်သည်အထိ တည်ထားပါ။
Banana_Bub5
၅။ ဆီပြန်လျှင် အရသာကောင်းမွန်သော ဌက်ပျောဖူး ဟင်းလျာကို အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…
Banana_Bub6
——————————————————————————————————————-

မူရင်းဆိုဒ် 
ဒီစာပိုဒ်ကို ဝေမျှရန် :
 

Post a Comment

နှစ်သက်သလို မှတ်ချက်ပေးနိုင်ပါသည် ။

 
မူပိုင် ဝေမင်းလျန်