Thursday, 22 May 2014

ဂျူးလိယက်၏ ကိုယ်ရေးအကျဉ်း



စာရေးသူ နာမည် - ချိုဝတ်ရည်

ကလောင် နာမည် - ဂျူးလိယက်


စာရေးသူ အကြောင်း 

ဒါရိုက်တာ “ဘိတ်ကလာတဲ့ ငံပြာရည်” ၏ မြေး၊ ဒါရိုက်တာ သီဟကျော်စိုး ၏ တူမ ဖြစ်သည်။ ခရစ် သက္ကရာဇ် ၁၉၈၅ တွင် ဖခင် ဦးထွန်းသန်းထွန်း၊ မိခင် ဒေါ်ချိုကျော်စိုးတို့မှ မွေးချင်းအမြွာ ချိုဝတ်မှုံနှင့်အတူ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၄ ယောက်တွင် အငယ်ဆုံးဖြစ်သည်။ အထက (၂) ကမာရွတ်မှ အထက်တန်းပညာ အောင်ခဲ့ပြီး၊ BA (English) နှင့် ဘွဲ့ယူခဲ့သည်။ ၂၀၀၉ တွင် Total Gameplay Studio မှ director ဦးမြင့်ကျော်သူ နှင့်လက်ထပ်ခဲ့သည်။ လက်ရှိ ရန်ကုန်မြို့ ပါရမီရပ်ကွက်တွင် ခင်ပွန်းသည်နှင့် အတူ ပျော်ရွင်စွာ နေထိုင်လျှက် ရှိသည်။

ဇာတ်လမ်းရေးသားခြင်း၊ ကဗျာစပ်ခြင်း အလုပ်ကို ငယ်စဉ်ကတည်း ၀ါသနာပါခဲ့သည်။ ငယ်စဉ်ကပင် ဇာတ်လမ်း၊ ပုံပြင်များကို လူများအား လိုက်ပြောပြလေ့ရှိသည်။ ညတိုင်း ဇာတ်လမ်းများ စဉ်းစားနေသဖြင့် အိပ်ယာဝင် နောက်ကျလေ့ရှိသည်။ လက်ရှိတွင် ၀တ္တုရေးသားခြင်း အလုပ်ကိုဇောက်ချ လုပ်ကိုင်လျှက်ရှိသည်။ စာရေးသူ၏ အခြားဝါသနာတခုမှာ ဟင်းချက်ခြင်း အလုပ်ဖြစ်သည်။ Wutyee Food House အမည်ဖြင့် ဟင်းချက် ဘလော့ဂ် တခုရှိပြီး၊ လူ ၅၀၀ ကျော်ခန့် နေ့စဉ်ကြည့်လျှက်ရှိသည်။

 http://getcoolstory.blogspot.com

No comments:

Post a Comment

နှစ်သက်သလို မှတ်ချက်ပေးနိုင်ပါသည် ။